Siem Reap and Angkor Wut
အခုတလော ကမ္ဘောဒီးယားရဲ့ အန်ကောဝပ်ဘုရားကျောင်း အကြောင်းကို Facebook ပိုဒ့် တော်တော်များများမှာ ရေးနေကြတာတွေ့ရတယ် ကမ္ဘာ့အကြီးဆုံး ဘာသာရေးအဆောက်အဦး ၊ ၂၀၂၅ ရဲ့ လည်ပတ်သင့်တဲ့ထိပ်တန်း နေရာတစ်ခု စသဖြင့်ပေါ့ မြို့လေးကချစ်စရာကောင်းပြီး သိပ်ပြီးလူမများဘူးလို့ဆိုရမှာပါ သန့်ရှင်းသပ်ရပ်ပြီး ၊ ဖနွမ်းပင်ထက် အစစအရာရာဈေးသက်သာတယ်လို့ဆိုနိုင်ပါတယ် ဆိုင်ကယ်တစ်စီးရှိရုံနဲ့အလုပ်ဖြစ်ပြီး တစ်ရက်၊ ၂ရက်ေလာက်လည်ရင် လုံလောက်တယ်လို့ပြောနိုင်ပါ တယ် ဆီရမ်ရိဒ်နဲ့အန်ကောဝပ်ရဲ့သမိုင်းကြောင်းတွေကလည်းအလွန်စိတ်ဝင်စားစရာကောင်းပါတယ် သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ခမာအင်ပါယာဟာတစ်ချိန်ကအလွန်ကြီးမားကျယ်ပြန်ခဲ့ပြီး ထိုင်း၊လာအို ၊ဗီယက်နမ် နဲ့ မြန်မာရဲ့ နယ်တစ်စိပ်တစ်ပိုင်းတွေတောင် ခမာအင်ပါယာထဲပါဝင်ခဲ့တာသိရပါတယ် ဒါကြောင့်ထိုင်းနဲ့ ခမာရဲ့ပတ်သတ်ဆက်စပ်မှု့တွေကရှုပ်ထွေးလှပြီး အမြဲတမ်း အငြင်းပွားဖွယ်ရာအဖြစ်ရှိနေတာကိုသတိထားမိကြမယ်ထင်ပါတယ်။
အချက်အလက်တွေရဲ့အဆိုအရ ထိုင်းက ဆီရမ်ကို Siam အနေနဲ့စာလုံးပေါင်းပြီး ၊ ကမ္ဘောဒီးယားဘက်ကတော့ Siem အနေနဲ့ပေါင်းထားတာတွေ့ရမှာပါ ဘာကြောင့်လဲဆိုတော့ နှစ်နိုင်ငံရဲ့ နောက်ခံအကြောင်းတွေကြောင့်ပါပဲ လေ့လာရှာကြည့်သလောက် Sieam Reap ဟာ ၁၇၉၅ ခုနှစ်လောက်က ထိုင်းနိုင်ငံရဲ့ပိုင်ဆိုင်မှု့နယ်မြေအဖြစ်ရှိနေခဲ့ပြီး ၊ ၁၉၀၇ ခုနှစ် နောက်ပိုင်းမှာမှ ပြင်သစ်နယ်ချဲ့တွေက ထိုင်းနဲ့အပေးအယူလုပ်ပြီး ကမ္ဘောဒီးယားနယ်နမိတ်ပြန်ဖြစ်လာတယ်လို့ဆိုပါတယ် ဆီရမ်ရိဒ်ရဲ့မူလနာမည် က Siemmarate လို့ခေါ်ပြီး ၊ အန်ကောဝပ်ရဲ့မူလနာမည်က Nakhon Wat ဆိုပြီးတွေ့ရပါတယ် ဆီရမ်ရိဒ်ဟာ ၁၉၄၁ ခုနှစ် Franco - Siam စစ်ပွဲအပြီးမှာ ထိုင်းရဲ့လက်အောက်ခံနယ်မြေအဖြင့် ပြန်လည်သိမ်းပိုက်ခဲ့ပြီး ၊ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်မှာတော့ နိုင်ငံတကာရဲ့ဖိအားနဲ့ United Nation ရဲ့တောင်းဆိုမှု့ကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့အမွေအနှစ်မြို့အဖြစ်ပြန်လည်ရရှိခဲ့တယ်လို့ဆိုပါတယ် ဒေသခံမိတ်ဆွေများရဲ့ အဆိုအရတော့ ထိုင်း နိုင်ငံနယ်နမိတ် ၊ လာအိုနိုင်ငံနယ်နိမိတ်နဲ့ ၊ ဗီယမ်နမ်နိုင်ငံရဲ့ နယ်နမိတ်တစ်ချို့ဟာ မူလကတည်းက ခမာအင်ပါယာရဲ့ အပိုင်သာဖြစ်ပြီး အကြိမ်ကြိမ်ကျူးကျော်ခံခဲ့ရတာလို့ဆိုကြပါတယ် မည်သို့ပင်ဖြစ်ပစေ အန်ကောဝပ်နဲ့ ဆီရမ်ရိဒ်ဟာ ရှုပ်ထွေးနက်နဲလှတဲ့ သမိုင်းကြောင်းနဲ့တင်အလွန်စိတ်ဝင်စားစရာကောင်းပြီး ပုဂံနဲခေတ်ပြိုင် မြို့ပြတစ်ခုအဖြစ်ထင်ရှားခဲ့တယ်လို့ဆိုနိုင်ပါတယ် ကျွန်တော်ရသလောက်ရှာဖွေဖတ်မှတ်ကြည့်ရာမှာ ပုဂံက ၈ - ၁၃ ရာစုနှစ်လောက်ထိလက်ရာတွေရှိခဲ့ပြီး ၊ အန်ကောဝပ်ကတော့ ၁၁ ရာစုနှောင်းပိုင်းလောက်ကလက်ရာတွေလို့ဆိုပါတယ် သို့ပင်ငြားလည်း တစ်ချို့ ပန်းပုလက်ရာတွေ ၊ ကျောက်ထွင်းပုံတူတွေ ၊ နံရံဆေးရေးပန်းချီတွေဟာ ပုဂံခေတ်လက်ရာတွေနဲ့နီးစပ်တာကြောင့် ယှဉ်ကျေးမှု့တွေကူးလူးဖလှယ်ခဲ့ကြတာများ အဲ့ဒီတုန်းကတည်းကရှိနေပြီလား အတွေးပွားမိပါတယ် ဗဟုသုတအနေနဲ့ ရေးသားခြင်းဖြစ်တာကြောင့် အချက်အလက်တွေမှားရွင်းနေပါက ပြင်ဆင်မှတ်သားပေးပါလို့မေတ္တာရပ်ပါတယ် အန်ကောဝပ်ရဲ့သမိုင်းအတိုချုပ်လေးကိုတော့ အောက်မှာထည့်ပေးထားပါတယ် Angkor Wut အန်ကောဝပ် ဘုရားကျောင်းသည် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိဒ်မြို့ အနီးရှိ ဟိန္ဒူ-ဗုဒ္ဓဘာသာဘုရားကျောင်း အဆောက်အအုံဖြစ်သည်။
ရှေးခမာမြို့တော် အန်ကောဝပ်ရှိ 162.6 ဟက်တာ (1,626,000 m2; 402 ဧက) အကျယ်အဝန်းရှိသော နေရာပေါ်တွင် တည်ရှိပြီး မူလ အန်ကောဝပ်ကို AD ၁၁၅၀ တွင် ဗိဿနိုးနတ်ဘုရားကိုရည်ဆူးေဆာက်လုပ်လှူဒါန်းတည်ဆောက်ထားတယ်လို့ သိရပါတယ်။ ရာစုနှစ်အကုန် နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲခဲ့တယ်လို့ဆိုပါတယ် ။ အန်ကောဝပ်ကိုခမာဘုရင်တစ်ပါးဖြစ်သော ဆူရာဗာမန် ၂ က ၁၂ ရာစုအစောပိုင်းတွင် ခမာအင်ပါယာ၏ မြို့တော်ဖြစ်သည့် Yaśodharapura (ယနေ့ခေတ် အန်ကောဝပ်) တွင် ၎င်း၏ နိုင်ငံတော်ဘုရားကျောင်းနှင့် နောက်ဆုံး ဂူဗိမာန်အဖြစ် တည်ဆောက်ခဲ့သည်။ Angkor Wat သည် ခမာဗိသုကာဗိသုကာပညာ၏ အခြေခံအစီအစဥ်နှစ်ခုကို မေရုတောင်နှင့်ဟိန္ဒူနတ်ဘုရားတစ်ပါးဖြစ်တဲ့ ဒေဝရဲ့ပြခန်း ဘုရားကျောင်း အဖြစ်ပေါင်းစပ်တည်ဆောက်ထားတယ်လို့သိရပါတယ် ။ မေရုဆိုတာ ဟိန္ဒူဒဏ္ဍာရီထဲက နတ်တွေရဲ့အိမ်ဖြစ်တဲ့ Meru တောင်ကို ကိုယ်စားပြုပြီး ၅ ကီလိုမီတာ ကျော်ရှိတဲ့ ကျုံးနဲ့ ဝန်းရံထားပါတယ်။ 3.6 ကီလိုမီတာ (2.2 မိုင်) ရှည်လျားသော အပြင်ဘက်နံရံတစ်ခုအတွင်းတွင် ဝိုင်းရံထားသော စတုဂံပုံပြခန်း သုံးခုပါရှိပြီး တစ်ခုစီသည် နောက်တစ်ခုစီ၏အပေါ်တွင် မြှင့်တင်တည်ဆောက်ထားပါတယ် ။
ဗိမာန်တော်၏အလယ်ဗဟိုတွင် quincunx မျှော်စင်တစ်ခုရှိသည်။ Angkor Wat သည် တစ်ခြားAngkorian ဘုရားကျောင်းအများစုနှင့်မတူဘဲ အနောက်ဘက်သို့လှည့်၍တည်ဆောက်ထားပြီး မည်သည့်အဓိပ္ပာယ်ဆိုသည်ကို ပညာရှင်များက ပိုင်းခြားအဖြေရှာနေဆဲလို့သိရပါတယ် ။ အန်ကောဝပ်ဘုရားကျောင်းကို ၂၀ ရာစုတွင် ပြန်လည်မွမ်းမံခြင်းမပြုမီ အချိန်ထိ အသုံးမပြုတော့သည်မှာကြာမြင့်လှပြီဖြစ်ပြီး နိုင်ငံတကာအေဂျင်စီများစွာဖြင့် ပြန်လည်မွန်းမံပြင်ဆင်ခဲ့ကြရတယ်လို့ဆိုပါတယ် ။ ဘုရားကျောင်း၏ ခမ်းနားထည်ဝါမှုနှင့် အနုစိပ်လှသော ဗိသုကာလက်ရာများ၊ ကျယ်ပြန့်သောလှပသောရုပ်ကြွများနှင့် နံရံများကို တန်ဆာဆင်ထားသည်မှာ နတ်ဘုရားများက ချီးမြှောက်တည်ဆောက်ထားသည်ဟုပင်ထင်ရလောက်သည်လို့ဆိုပါတယ်။ အန်ကောဝပ်ဒေသကို ၁၉၉၂ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားပါတယ်။ အချို့သော သတင်းရင်းမြစ်များတွင်တော့ကမ္ဘာ့အကြီးဆုံး ဘာသာရေး အဆောက်အအုံအဖြစ် သတ်မှတ်ထားပြီး ခမာဗိသုကာလက်ရာများတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အမှတ်သင်္ကေတများထဲမှ အကောင်းဆုံး ဥပမာများတစ်ခုအဖြစ် မှတ်ယူထားသည်။ ကမ္ဘောဒီးယားနိုင်ငံအလံတွင်လည်းနိုင်ငံတော်အမှတ်အသားအဖြစ်ထည့်သွင်းရေးဆွဲထားသည်ကိုတွေ့ရတယ်လို့ဆိုပါတယ် ။ Angkor Wat သည် ကမ္ဘာလှည့်ခရီးသည်များ အဓိကဆွဲဆောင်ရာနေရာဖြစ်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူ ၂.၅ သန်းကျော်ရှိသည်လို့ ရေးသားထားတာတွေ့ရပါတယ် ။
SIEM REAP & ANGKOR WUT