BUS in Bangkok

BUS in Bangkok

ဒီတစ်ခေါက်ဘန်ကောက်ရောက်တော့ ကိုယ်မသိသေးတဲ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုသိနိုင်ဖို့ Public Bus ကိုအသုံးပြုပြီး ဘယ်လိုချိတ်ဆက်သွားလာလို့ရနိုင်သလဲ လေ့လာကြည့်မိတယ် အဓိကအားဖြင့်ဘန်ကောက်ရဲ့မြို့တွင်းသယ်ယူပို့ဆောင်ရေးဂဏ္ဌမှာ Bangkok Mass Transit System ဆိုတဲ့ အဖွဲ့အစည်း နဲ့ Bangkok Mass Transit Authority ဆိုတဲ့ အဖွဲ့အစည်းကအရေးပါတယ်လို့ဆိုနိုင်ပါတယ် ။ Bangkok Mass Transit System PCL ကတော့အတိုကောက်အားဖြင့် BTS Skytrain လို့သိကြပြီး Bangkok Metropolitan Administration (BMA ) ရဲ့အုပ်ချုပ်မှု့နဲ့ BTS Group Holding company ရဲ့လုပ်ငန်းခွဲတစ်ခုလို့ပြောထားတာတွေ့ရပါတယ်

BTS Sky Train ကိုတော့နောက် Video မှာပြောပြထားတာမလို့ ဒီ VDO လေးမှာတော့ Public Bus တွေရဲ့အကြောင်းပြောပြချင်ပါတယ် ။ BMTA ဆို တာ Bangkok Mass Transit Authority ရဲ့အတိုေကာက်ပါ အဓိကအားဖြင့်တော့ Public bus တေွကိုစီမံခန့်ခွဲတဲ့ကုမ္ပဏီလို့ပြောရမှာပေါ့

BMTA ကို ၁၉၇၅ လောက်က အစိုးရနဲ့ပုဂ္ဂလိက ကုမ္ပဏီတွေပေါင်းပြီး စတင်ဖို့ကြိုးစားခဲ့ပေမယ့် အကောင်ထည်ပေါ်မလာခဲ့ပဲ ၁၉၇၆ ခုနှစ်မှာတော့အစိုးရပိုင်လုပ်ငန်းတစ်ခုအနေနဲ့ စတင်လာခဲ့တယ်လို့ဆိုပါတယ်။ တစ်ချို့လမ်းကြောင်းတွေမှာတော့ ပုဂ္ဂလိကယာဉ်လိုင်းတွေကို အစိုးရအုပ်ချုပ်မှု့အောက်ကနေမှတဆင့် အကန့်အသတ်ဖြင့်ပြေးဆွဲခွင့်ပြုထားတယ်လိုဆိုပါတယ်

လိုင်းကားတွေကို ဇုန် ၈ ခုခွဲပြီးနေ့စဉ် မနက် ၅နာရီကနေ ည ၁၁း၀၀ ထိပြေးဆွဲပေးပါတယ် ။ ညဉ့်နက်မှပြန်မယ့် ခရီးသည်တွေအတွက် Night Owl Bus ဆိုတဲ့ အစီအစဉ်နဲ့ တစ်ချို့လမ်းကြောင်းတွေပြေးဆွဲတယ်လို့ မှတ်သားရပါတယ် ။ အခုဆိုရင် BMTA ဟာ ကားစီးရေ ၁၅၈၅၇ စီးခန့်နဲ့ ခရီးစဉ်ပေါင်း ၄၂၇ ခုစီစဉ်ပြေးဆွဲနေတယ်လိုသိရပါတယ်

၂၀၀၇ ခုနှစ်လောက်ကစပြီး ပိုက်ဆံကောက်တဲ့စနစ်ကိုစပယ်ယာကကောက်ခံတာမျိုးမဟုတ်ပဲ ခရီးသည်မှ Cash Box ထဲထည့်ပြီးစီးရတဲ့စနစ်ကို ယာဉ်အစီး ၈၀၀ လောက်မှာစတင်တပ်ဆင်ခဲ့ပေမယ့် ခရီးသည်တွေအနေနဲ့ သိပ်ပြီးယနေ့ထပ်ထိ အကျွမ်းတဝင်မရှိသေးဘူးလို့ဆိုပါတယ် ။ တစ်ကယ်လို့ယဉ်စီးခကောက်ခံခြင်း အစီအစဉ်ကိုအောင်မြင်စွာပြုလုပ်နိုင်မယ်ဆို စပယ်ယာ၂၆၀၀ လောက်ခန့်ထားရခြင်းသက်သာနိုင်တယ်လို့သိရပါတယ်။

လိုင်းကားအများစုကို Hino , Isuzu , Daewoo , Marcedez Benz အမှတ်တံဆိပ်ကားများဖြင့်ပြေးဆွဲနေပြီး အများစုက Disel Engine တေွ နဲ့တစ်ချို့တွေကို သာဘာဝဓာတ်ငွေ့သုံးယာဉ်တေွအနေနဲ့ေပြာင်းလဲပြေးဆွဲတယ်ဆိုတာကတော့မှတ်သားစရာပါ

အခုနောက်ပိုင်းမှာတော့ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်သုံးယာဉ်များနဲ့ Hybrid ကားတွေကိုပိုမိုတိုးချဲ့ ပြောင်းလည်းသုံးစွဲနေတယ်လို့မှတ်သားမိပါတယ်။

ကျွန်တော်သတိထားမိသလောက်တော့ အဲ့ကွန်းမပါတဲ့ကားတွေ Mini Bus တွေဆို ဟိုနားဒီနား ၈ ဘတ်လောက်ပေးရတတ်ပြီး အဲကွန်းလည်းပါမယ် ၊ သွားရမယ့်ခရီးဝေးမယ်ဆို ၁၃ ဘတ်လောက်ကနေစပြီး ဘတ်၅၀ လောက်ထိပေးရပါတယ်

BTS sky train မရောက်နိုင်တဲ့နေရာတွေအတွက် Public Bus တွေဟာပိုမိုအရေးပါပြီး သက်သာလွယ်ကူစေပါတယ် တစ်ကယ်လို့ အချိန်ရမယ်ဆိုရင် Public Bus ကိုစီးပြီး ဘန်ကောက်တစ်ပတ်လောက်လည်ကြည့်ဖို့မိတ်ဆွေတို့ကို တိုက်တွန်းလိုက်ပါရစေ မတူညီတဲ့မြို့ရဲ့ ရှု့ခင်းတွေကိုမြင်တွေ့နိုင်ပြီး ပျော်ရွှင်မှု့ကိုပေးစွမ်းနိုင်လိမ့်မယ်ထင်ပါတယ်

 

#bangkok

#thailand

#publicbusinBangkok

#AllAboutBangkok


Sign in to leave a comment
Bangkok